။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ စည်းစိမ်မာနကဲလည်း မမြဲနိုင်ပါဘူး။။ ဘဝမာနသဲလည်း မြဲစွာမရှိဘူး။။ အတ္တလွန်လွန်ကဲလည်း မမြင့်နိုင်ပါဘူး။။ ဒေါသကြမ်းတမ်းရဲလည်း မတည်မြဲနိုင်ဘူး။။ အာဏာပြင်းပြရဲလည်း မခိုင်မြဲပါဘူး။။ ဘုန်းကံကြီးမားဟဲလည်း မမြဲစေနိုင်ဘူး။။ ပညာဟိတ်ကြီးဝှဲလည်း အမြဲမရှိဘူး။။ မေတ္တာနှစ်လို့ချစ်လည်း စွဲမြဲမချစ်ဘူး။။ ကြင်နာလွန်းလို့ကဲလည်း ဟောင်းနွမ်းမပိုင်ဘူး။။ ယုယပိုလို့တွဲတွဲ ရှင်ကွဲမပိုင်ဘူး။။ ရင်နာငိုလို့သဲသဲ ပူလို့မဆုံးဘူး။။ လွမ်းလို့ဆွေးလို့ခဲခဲ ညှဉ်းဆဲမပျောက်ဘူး။။ ဤတရား ဆင်ခြင်ပွား ၊ သတိထား ၊ ဆင်းရဲမရှိဘူး။ တောင်ကလေးဆရာတော်( ၁၂.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)